မိတ်ဆွေ … Online ကနေ ဟောပြောမှုအတွက် အောက်ပါစည်းကမ်းချက်တွေသတ်မှတ်ထားတာမို့ ကျနော်နဲ့တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် သေသေချာချာလေးဖတ်ထားပေးဖို့လိုပါလိမ့်မယ်ခင်ဗျာ …
✅ သက်ဆိုင်ရာ ပြဿနာအလိုက် ဉာဏ်ပူဇော်ခနှုန်း ထားသတ်မှတ်ချက်တွေရှိပါတယ်။ အောက်မှာ သေချာဖတ်ထားပါ။
ဒီသတ်မှတ်ချက်တွေဟာ ၁နာရီအတွင်း တိုင်ပင်မှုဖြစ်ပြီး အချိန် ၁ နာရီကျော်လွန်ပါက တစ်မိနစ်လျှင် $1.99 နှုန်းထပ်မံကျသင့်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲတိုင်ပင်တိုင်ပင် လိုရင်းကို တိုင်ပင်တတ်ဖို့ လိုအပ်ပါမယ်။ ဉာဏ်ပူဇော်ခနှုန်းတွေဟာ လတ်တလောသတ်မှတ်ချက်တွေသာဖြစ် ပြီး အချိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်။ နှုန်းထားတွေကို မြန်မာနိုင်ငံနေထိုင်သူများအတွက် နှုန်းထားနဲ့ အခြားတိုင်းပြည်ရောက်နေသူများအတွက် နှုန်းထားဆိုပြီးပြထားပါတယ်။ မိမိနေထိုင်ရာ တိုင်းပြည်အရ ပေးချေရမှာဖြစ်ပါတယ်။
✅ Appointment ( ရက်ချိန်း ) ယူရပါမယ်။ သတ်မှတ်အချိန်ထက် ၁၅ မိနစ်နောက်ကျပါက ကျနော့်ဘက်က စောင့်ပေးတော့မှာမဟုတ်ပါဘူး။ နောက်ထပ် Appointment အသစ်တစ်ခု ထပ်မံ ရယူနိုင်ပါတယ်။
✅ သက်ဆိုင်ရာဉာဏ်ပူဇော်ခကို Appointment ရက်မရောက်မီ သတ်မှတ်ဘဏ်အကောင့် ( သို့ ) Paypal ကနေတဆင့် ကြိုတင်ငွေလွှဲပေးရပါမယ်။ လွှဲပြီးကြောင်း အထောက်အထား ဖော်ပြ ပေးရပါမယ်။
မှတ်ချက်။ ။ Paypal မှ ငွေချေပါက Transaction Fee အဖြစ် မူလ Online နှုန်းထားတွင် သက်ဆိုင်ရာ Fees ထပ်မံပေးဆောင်ရပါမည်။
✅ Appointment ယူထားခြင်းမဟုတ်ပဲ ဟောချိန်ပြင်ပတွင် ဖုန်းခေါ်ဆိုခြင်းများအတွက် ဖုန်းမကိုင် ဖြစ်လျှင် နားလည်ပေးပါ။
✅ တိုင်ပင်ဆွေးနွေးမှုများအတွက် လိုအပ်သမျှသော ယတြာ၊ အစီရင်အားလုံး အခမဲ့ပေးပါမည်။ ယတြာ၊ အစီရင်အတွက် ထပ်မံအခကြေးငွေပေးထပ်မံပေးဆောင်စရာ မလိုအပ်ပါ။ သို့ရာတွင် ကျနော့်အား ကိုယ်တိုင်လုပ်ဆောင်ပေးဖို့ အကူအညီတောင်းဆိုပါက သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ ကို ထပ်မံပေးချေရပါမယ်။
မိတ်ဆွေရဲ့ အခက်အခဲ၊ ပြဿနာတွေဟာ အရေးကြီးမှန်း ကျနော်နားလည်ပါတယ်။ မိတ်ဆွေလိုပဲ အခက်အခဲ၊ ပြဿနာရှိနေကြတဲ့ လူပေါင်းများစွာကိုလည်း အချိန်ပေးထားရတဲ့အတွက် ကျနော့်ကို လည်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တန်ဖိုးရှိတဲ့ အချိန်ကို အသုံးချတတ်ပါစေ။
ပြဿနာကိစ္စ | ဖြေရှင်းမှု | ဉာဏ်ပူဇော်ခ |
---|---|---|
အချစ်၊ အိမ်ထောင်ရေး (တစ်ယောက်စာ ကံ) | အထူးတွက်ချက်၊ ဂမ္ဘီရအစီရင် | 225,000 ကျပ် |
အချစ်၊ အိမ်ထောင်ရေး (နှစ်ယောက်စာ ကံ) | အထူးတွက်ချက်၊ ဂမ္ဘီရအစီရင် | 450,000 ကျပ် |
အချစ်ဇာတာ၊ အိမ်ထောင်ဇာတာတိုက်ခြင်း | အထူးတွက်ချက်၊ ဂမ္ဘီရအစီရင် | 525,000 ကျပ် |
လုပ်ငန်းစီးပွားဆိုင်ရာ | တွက်ချက်၊ အကြံပေး | 225,000 ကျပ် |
လက်ထပ်မင်္ဂလာအခါပေး | တွက်ချက်၊ ဟောစာတမ်း | 375,000 ကျပ် |
လုပ်ငန်းနာမည်ပေး | တွက်ချက်မှုအထူး | 750,000 ကျပ် |
ကလေးနာမည်ပေး | တွက်ချက်၊ ဟောစာတမ်း | 750,000 ကျပ် |
အထွေထွေ | တွက်ချက်၊ ယတြာ၊ ဂမ္ဘီရ | 300,000 ကျပ် |
ပြဿနာကိစ္စ | ဖြေရှင်းမှု | ဉာဏ်ပူဇော်ခ |
---|---|---|
အချစ်၊ အိမ်ထောင်ရေး (တစ်ယောက်စာ ကံ) | အထူးတွက်ချက်၊ ဂမ္ဘီရအစီရင် | AUD $150 |
အချစ်၊ အိမ်ထောင်ရေး (နှစ်ယောက်စာ ကံ) | အထူးတွက်ချက်၊ ဂမ္ဘီရအစီရင် | AUD $300 |
အချစ်ဇာတာ၊ အိမ်ထောင်ဇာတာတိုက်ခြင်း | အထူးတွက်ချက်၊ ဂမ္ဘီရအစီရင် | AUD $350 |
လုပ်ငန်းစီးပွားဆိုင်ရာ | တွက်ချက်၊ အကြံပေး | AUD $150 |
လက်ထပ်မင်္ဂလာအခါပေး | တွက်ချက်၊ ဟောစာတမ်း | AUD $250 |
လုပ်ငန်းနာမည်ပေး | တွက်ချက်မှုအထူး | AUD $500 |
ကလေးနာမည်ပေး | တွက်ချက်၊ ဟောစာတမ်း | AUD $500 |
အထွေထွေ | တွက်ချက်၊ ယတြာ၊ ဂမ္ဘီရ | AUD $200 |